Friday, December 14, 2007

ရတနာပုံမြို့တော် Programming ပြိုင်ပွဲ

ရတနာပုံ စီးတီးဖွင့်ပွဲအထန်းအမှန် အနေနဲ့ Programming ပြိုင်ပွဲ တခု ၁၅ ရက် ဒီဇင်ဘာလ မှာ ရတနာပုံ စီးတီး မှာ ကျင်းပမယ်တဲ့ဗျား.. Programmer များအတွက် သတင်းကောင်းပါ.

Desktop Base
Web Base
Intermediate

ကြိုက်တာ ပြိုင်လို့ရပါတယ်။
ကြိုက်တဲ့ Language ကြိုက်တဲ့ Database နဲ့ ၀င်ပြိုင်လို့ရပါတယ်..

ပထမဆု - ၈ သိန်း
ဒုတိယဆု - ၅ သိန်း
တတိယဆု - ၃ သိန်း

ထိုက်ထိုက်တန်တန်ပါဘဲ..

လက်မလွတ်သင့်တဲ့အခွင့်အရေးဖြစ်ပါတယ်...

ခက်တာ ကျွန်တော့မှာ သေချာ ပြင်ဆင်ထားတာဘာမှမရှိ တော့ မပြိုင်ဖြစ်လောက်ဘူးထင်ပါတယ်..

Saturday, October 20, 2007

ကမ္ဘာမြေဆုံးထိ

CHO: ( ရှင်သန်ရာချိန်လေးတော့ မင်းရဲ့အနားနေချင်လို့ပါ
တူတူဆို အိပ်မက်တိုင်းဟာ တို့ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းက ဘ၀သစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေဆုံးထိ မခွဲချင်ဘူး )၂

ကိုယ်နေချင်တာက မင်းရဲ့အနား ကို လိုချင်တာက မင်းရဲ့အချစ်များ
မြင်ချင်ပါတယ် မင်းအပြုံးလေး ကို့နေ့ညတွေကို အဓိပ္ပါယ်ပေး
ကို့ရဲ့ဘ၀အမှတ်တရ ကို့ရဲ့ဘ၀ထာဝရ
မင်းစကားတွေကို သိပ်ချစ်လွန်းလို့ မင်းပြုံတာကို သိပ်ချစ်မိလို့
ရှင်သန်ရာ ဒီဘ၀လေး တစ်ခုမှာ ကိုတို့နှစ်ယောက်ဟာ
အနီးဆုံးချစ်သူတွေပါ

CHO():

ကြင်နာသူလေး မင်းစိတ်ဆင်းရဲမှာ ကလေးလးတစ်ယောက်လို ပြုံတတ်တဲ့မျက်နှာ
ညှိုးနွမ်းရမယ့်အချိန်များ ခံစားသွးရမယ့်အချိန်များ ကို့ရဲ့ဘ၀မှာ တကယ်မရှိချင်တော့လိုပါ
လူတွေ အပြင်မှာ ပြောတဲ့စကား ကိုတို့ဘ၀အတွက် စိတ်အနှောင့်အယှက်တွေလား
တကယ်သေချာမင်းဆုံးဖြတ်ထား ကိုတို့နှစ်ယောက်ဟာ ကမ္ဘာမှာ တကယ်အဓိကဘဲမဟုတ်လား

CHO():

အစွဲအလန်း သူယုံကြည်ပေးပါ မခွဲတမ်းနေချင်တာ မင်းအနားနား
အစွဲအလန်း သူယုံကြည်ပေးပါ မခွဲတမ်းနေချင်တာ မင်းအနားနား

CHO():

Download Now

Labels:

Friday, October 19, 2007

Web Page Maker

ကိုယ်ပိုင် Personal Website တွေ ရေးဖို့ဆိုရင် Micromedia Dreamweaver လိုမျိုး Software အကြီးကြီးတွေလည်း မသုံးချင်ဘူး..မသုံနိင်ဘူး ..Microsoft FrontPage ကိုလည်း သဘောမကျဘူးဆိုတဲ့ သူတွေ...ကျွန်တော်တို့လို User Lever တွေ အတွက် တော်တော်အခက်ကြုံပါတယ်။ Web Page Marker ကို သုံးကြည့်ပါ တော်တော်လေး ကောင်းပါတယ်။ Template တွေလည်း ပါတယ်.HTML Knowledge ရှိစရာတောင် မလိုပါဘူး။ သူ့မှာ ပါသလောက် ကိုမကြိုက်လို့ ကိုပိုင် HTML / Javascript တွေရေးပြီး သုံးချင်တယ်ဆိုလည်း ခွင့်ပြုပါတယ်။ သူရဲ့ File Format က WMP ပါအကုန်ပြီးပြီဆို HTML ကို Export လုပ်ပြီးတော့ Hosting တခုခု မှာတင်လိုက်ယုံပါဘဲ။ သုံကြည့် ပါ။
Download Here

Labels: ,

Thursday, October 18, 2007

My FTP Blog

ကျွန်တော့် ရဲ့ ဘလောက် www.kzw87.blogspot.com ကို ၀င်ကြည့်လို့မရမှာဆိုးလို့ FTP Blog အဖြစ် www.kzw87.110mb.com တွင် ထပ်တင်ထားတယ် ၂ နေရာလုံးက ကြည့်လို့ရတယ် ဗျား.

Labels:

Wednesday, October 17, 2007

Proxy Software

ဘမ်းထားတဲ့ Website တွေ ကို Proxy တွေနဲ့ ကျော်ဖွင့် တဲ့ နေရာမှာ www.helloyo.com, www.3proxy.net တွေကို သုံးပေမယ့် အဲဒီ Website တွေက Javascript ပါရင် မရဘူး ဥပမာ Gmail ကို Standart View နဲ့ဖွင့်လို့မရဘူး HTML View ဘဲရတယ်
Freedom လိုမျို Software နဲ့ ကျော်ရင် ရတယ် ဒါပေမယ့် Configuration လုပ်ရတာ ရှုပ်တယ်..ပြီးတော့ Freedom က စက်တိုင်းမှာမရဘူးဗျား ဘာလည်းမသိဘူး ..
အခု ကျွန်တော် Freedom လိုမျိုး Software တခုရထားတယ် စမ်းကြည့်ပါဦး ဘာမှမလိုဘူး http://mr.eveningprimrose.googlepages.com/freedom.exe ကနေ ဒေါင်းလုပ်လုပ်လိုက်ပါ ဆိုဒ်က ဘာမှမရှိဘူး ပြီးတော့ ဒေါင်းလုပ် လုပ်ထားတာကို Click လိုက် Box တခုကျလာမယ် အဲဒါကို Ok လုပ် ပြီးရင်ခနစောင့် Internet exmlore တခု ကျလာမယ် အဲဒီမှာ Chinese Page တခုတက်လာမယ် အဲဒီမှာ ဖွင့်ချင်တဲ့ Website ကို ရိုက်ပြီးဖွင့်လို့ရတယ်..ပြီးရင် သော့ပုံလေး ကို Right Click လုပ်ပြီးတော့ Exit လုပ်လိုက်..
ပြီးရင် Internet Explore ရဲ့ IP Address ကို ပြန်ပြောင်းဖို့တော့လိုမယ်ဗျား.သူက 127.0.0.1 ကိုပြောင်းပစ်လိုက်တာ.အဲဒါကို ကျွန်တော်တို့က ပုံမှန်အတိုင်း ပြန်သုံးချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အရင် IP Address ကိုပြန်ရိုက်ထည့်ရမယ်
IP Address ကို ဘယ်က ထည့်ရလည်းဆိုတော့ Internet Explore ရဲ့ Tools Menu => Internet Options =>Connection ==> LAN Settings အဲဒီမှာ Address ဆိုတဲ့ နေရာမှာ ကိုယ်ပိုင် IP Address ကိုပြန်ထည့်ယုံပါဘဲ

Labels:

Tuesday, October 9, 2007

စိတ်မကောင်းစရာပါလား.

စိတ်မကောင်းစရာပါဘဲ ဘလောက်တွေ ကိုဘမ်းပစ်လိုက်တာ အခု ကျွန်တော် ဖတ်နေကျ ဘလောက်တွေ ကိုဝင်ကြည့်တော့ အသစ်ရေးတာမတွေ့ရဘူး..အင်တာနက်ကလည်း အချိန်ပြည့်မရ ဘလောက်တွေက လည်း ဘမ်းထားတော့ ရေးဖို့မလွယ်ကြဘူးထင်တယ်နော် .အရမ်းတက်တက်ကြွကြွ ဖြစ်နေတဲ့ Blogger Communicaty ကို ဖျက်ဆီးသလိုဘဲ.. :(

Labels:

Sunday, September 23, 2007

Create your own gadgets Seminar

ဒီနေ့ MCPA မှာ Create your own gadgets ဆိုတဲ့ ခေါင်းစဉ် နဲ့ ဆရာ ကိုဇင်မင်း က SIG Seminar တစ်ခု လုပ်မယ်ပြောလို့ သွားလိုက်တာ။မသွားခင်အထိ gatgets ဆိုတာ ဘာမှန်း သေချာမသိသေးဘူး..ဒါပေမယ့် ကျွန်တော့် အတွက် တစ်ခုခုတော့ ထူးခြားမှာဘဲ ဆိုပြီးတော့ သွားလိုက်တာ အဲဒီတော့မှ သိရတယ်ဗျား.

ကျွန်တော် ဆရာ မပြောခင်အထိ gadgets ကို ဂါက်ဂါတ် လို့ဘဲ အသံထွက်နေတာ နောက်တော့ ဆရာပြောတော့မှာ ဂါးဂျက်မှန်းသိရတာ :) ကိုဇင်မင်းကလည်း ပြောပါတယ် သူလည်း ပထမ အဲလိုဘဲ ဖတ်နေတာတဲ့ အသံထွက်က အရေးမကြီးဘူးလို့ ထင်တယ်ဗျား.

Gadgets ကို ဆရာက တိုလီမုတ်စ လို့ ဘာသာပြန်တယ် :) ကျွန်တော်တို့အတွက် လိုအပ်တဲ့ သေးသေးမွှားမွှား ပစည်း လေးတွေပေါ့


Seminar မှာ Gadgets ရေးနည်း ကိုပြောတာ မဟုတ်ဘူးဗျား။Technology ပိုင်းသိပ်မပါဘူး။ မပါသလောက်ဘဲ။ သူအဓိက ပြောသွားတာက အခု Market မှာ ဘယ်လိုရှိတယ် .ဘယ်လိုစဉ်းစားတွေးခေါ်ပြီးတော့ လုပ်သင့်တယ် ဆိုတာတွေ ကိုပြောသွားတာဗျား..

ခုချိန်မှာ Website အကြီးကြီးရေးမှ Software Project အကြီးကြီး ရေးမှာ Web Developer ,Programmer လို့ ခေါ်တာ မဟုတ်ပါဘူး..အသုံးပြုသူတွေ လိုအပ်နေတဲ့ Tools လေး တစ်ခု ရေးလိုက်ရင်လည်း Programmer ဖြစ်ပါတယ် အရေးကြီးတာက စေတနာဘဲ ဗျား..ဒါလေး ကို ကျွန်တော်လုပ်လိုက်လို့ ဘယ်သူတွေ အတွက် ဘယ်လို အဆင်ပြေသွားမလဲ ဘယ်လိုအသုံးတဲ့သွားမလဲ ဆိုတဲ့ စိတ်ကူးစိတ်သန်း လေး က အရေးကြီးတာ idea ပေါ့ဗျား.. C#.net ဘယ်လောက်ရေးတတ် ရေးတတ်..Java ဘယ်လောက်ဘဲ ရေးတတ်ပါစေ အဲဒီ idea မရှိရင် ဘာမှ လုပ်လို့မရဘူး... အခု Market က ဘယ်လိုအခြေအနေ၇ှိတယ် ဘာတွေ လိုအပ်နေတယ်ဆိုတာ သေချာ စဉ်းစားတွေးခေါ်သင့်တယ် ပြီးရင် လိုအပ်နေတာလေး ကို ကို့ဟာကိုလုပ်နိုင်မလား ကိုမလုပ်နိုင်ရင် ဘယ်သူ့ဆီက ဘယ်လိုအကူအညီလေး ယူရင် ပြီးနိုင်မလဲ ပေါ့ ၀ိုင်းဝန်းပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်ဗျား.. ဆရာက တော့ Market အကြောင်း ကိုတော်တော်ပြောတယ် သူက စီးပွားရေး သမားကို ဒါပေမယ့် စိတ်စေတနာလေး နဲ့ပေါ့ဗျား.

Gatgets ဆိုတာ ကို Google က ဒီလို ပြောထားပါတယ်
A gadget is just an XML file that wraps existing web content or applications

Microsoft က ကျတော့

A Gadget is defined by an XML file, called the Gadget manifest.The purpose of the manifest XML is to define a few of the statis properties for the Gatget and to provide urls for the script code and style sheet for the Gadget.

အဓိပြောချင်တာကတော့ တူတူဘဲ ထင်ပါတယ် Gadgets ဆိုတာ XML ဖိုင် အနေနဲ့ ဖြစ်တယ်။

ကျွန်တော်တို့ ကို့ဟာကို Gadgets လုပ်ဖို့ ကြိုးစားမယ်ဗျား ကျွန်တော့ gatgets ကိုဘယ်သူတွေသုံးမှာလဲ ဘယ်သူတွေကရော ဘယ်လို gatgets လေးတွေလိုနေလည်း အရင်စဉ်းစားရမယ် ပြီးတော့ တချို့က သူများရေးပြီးသား gatgets တွေ အများကြီးဘဲ ရှိနေတယ် သူတို့ ရေးပြီးသားတွေကို ကျွန်တော်တို့ က ရေးလို့ ဘာမှထူးမှာ မဟုတ်ဘူးလေ ဒီတော့ တကယ်မရှိသေးတာ တကယ်လိုအပ်နေတာကို စဉ်းစားပေါ့ဗျား

Microsoft နဲ့ Google တို့ ရဲ့ gatgets တွေ ထောင်ကျော် ရှိတယ် အဲဒါတွေတော့ ကို လုပ်မနေနဲ့ပေါ့ သူတို့ မလုပ်သေးတာကို လုပ်ရမှာ အဲလိုစဉ်းစားရင် သူတို့ လုပ်တာတွေက တော်တော်စုံနေပြီ.. ရှိသေးတာပေါ့ သူတို့က Global အနေနဲ့လုပ်တာလေ ကျွန်တော်တို့ Local အနေနဲ့ လိုအပ်တဲ့ gatgets တွေ ၇ှိသေးတာပေါ့ ဥပမာ အနေနဲ့ ဆိုရင် Myanmar Calendar လိုမျိုးပေါ. http://kowunnako.blogspot.com/ ရေးထားတာရှိပါတယ် RSS နဲ့ အဲဒါကိုဘ ဆရာကိုဇင်မင်းက ပြန်ပြင်ထားတယ်ဗျား ရက်ရာဇာ ပြသဒ တွေ သိလို့ရအောင် လုပ်ပေးထားတာ သူကတော့ asp.net နဲ့ ရေးထားတာ ဆရာကိုဇင်မင်း ရဲ့ myanmarcalandar ကို ကျွန်တော့ ဘလောက်မှ ဥပမာ ကြည့်လို့ရပါတယ် အဲလိုလုပ်ချင်တယ်ဆိုရင်

Page Element ကိုသွားပါ Add Page Element ကိုထပ်သွားပါ အဲဒီမှာ HTML / Javascript အောက်က Add To Blog ကိုကလစ်ပါ

Title မှာ မြန်မာပြက္ခဒိန် ဒါမှမဟုတ် ကြိုက်တာရေးလို့ရပါတယ်
Contnet မှာ





အဲဒါလေကိုထည့ိ ထည့်ပေးလိုက်ပါ ပြီးရင် Save လုပ်ရုံးပါဘဲ။

ခု ဒီ မြန်မာပြက္ခဒိန် ကို ဆရာကိုဇင်မင်းက ထပ်ပြီး Customize လုပ်ဦးမယ်လို့ပြောပါတယ် နဂါးတောင်လှည့် မြောက်လှည့်တို့ပေါ့ အဲတော့ အစ်ကိုတို့ အစ်မ တို့ ကိုယ်ပိုင် gatgets တခုလုပ်မယ်ဆိုရင်တော့ မြန်မာပြက္ခဒိန် ကို စိတ်မ၀င်စားနဲ့တော့ လုပ်ပြီးသားရှိနေတယ် နောက် တခြား ကိုစဉ်းစားပေါ့ ကျွန်တော်လည်း စဉ်းစားနေတာ blogger တွေ ဘာလိုလဲ ဆိုတာ ....

Labels: ,